ပေါ့စေချင်လို့ Memory တိုး.. အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး
တနေ့က ကျနော့်ဆိုင်ထဲကို ကွန်ပျူတာကြီးပိုက်ပီး လူတစ်ယောက်ဝင်လာတယ် .. ဒီလူကို မြင်ဖူးပါတယ်ပေါ့ ။ ဟုတ်ပါတယ် သေသေချာချာ ကိုမြင်ဖူးတာ. သေချာတယ်..
``ကျနော့်စက်လေး ကြည့်ပေးစမ်းပါဗျာ´´
``ဟုတ်ကဲ့ အစ်ကို ဘာဖြစ်သွားတာလဲ.. ´´
`` အစကတော့ စက်က ကောင်းတယ်ဗျ.. ကျနော်က ခွေကူးဆိုင်ဖွင့်ထားတယ်လေ...ခွေကူးရင် နည်းနည်း ကြာလို့ဆိုပီး. ဆိုင်တဆိုင်ကို သွားပြောကြည့်တော့.. ဘာဆိုလားဗျာ. မှတ်ညဏ်ကဒ် ဆိုလား.သိဘူး အဲဒါ ထည့်ရမယ်ပြောတာနဲ့.. ကျနော်လည်း ကောင်းသလိုလုပ်ပေးပါဗျာ.လို့ ပြောလိုက်တာ´´
ပစ္စည်းက ၂၅၀၀၀ နဲ့ လက်ခ က ၅၀၀၀ ။ စုစုပေါင်း ၃၀၀၀၀ ကျမယ်ဆိုလို့ စက်ကို ထားခဲ့ပီး နောက်နေ့မှ သွားယူလိုက်တာ.. အိမ်ရောက်တော့ စက်ဖွင့်ကြည့်တော့ ..ကြီ........ကြီ ......ဆိုပီ စက်ကအော်နေတာနဲ့ .. စက်ကို အဲဒီဆိုင်ကို ပြန်ပို့တော့..ဘာလုပ်လိုက်တယ်တော့ မသိဘူး.. သူတို့ဆီ ရောက်တော့ ကောင်းသွားတယ်..။´´ ဒါနဲ့ အိမ်ကို ပြန်သည်သွားတယ်.အိမ်ရောက်တော့ စက်ဖွင့်ကြည့်တော့ အဆင်ပြေသွားတယ်..ဒါပေမယ့်.သိပ်မကြာဘူး. အော်ပီး .ရပ်သွားပြန်တယ်. ပြန်ဖွင့်ပြန်တော့ကောင်းပြန်ရော..ဒီလိုနဲ့ ခွေတွေ ခဏ.ခဏ ပျက်တာပဲ။ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက်ပိုဆိုး ဖြစ်တော့တာပဲ ကိုယ့်လူရာ..´´ နောက်ထပ်ပြသေးတယ်.အဲဒီ ဆိုင်ကို အရင်လိုပဲ ..ခဏ. ကောင်းလိုက် .ပျက်လိုက်နဲ့ဗျာ.
အိမ်က မိန်းမက ပွစိ ပွစိ ပြောလွန်းလို့.. အစ်ကို့ ဆိုင်ကို ပြောင်းပီး လာပြတာပါ။´´
ကျနော်လည်း စက်ကို ဖွင့်ကြည့်တော့ ဟုတ်တယ်.သူပြောသလိုပဲ.. ခဏပဲ ရတယ်..မကြာခင် ပြုတ်ကျသွားတယ်.. အသံတွေလည်း ထွက်လာတယ်။
ကျနော်သိလိုက်တာက ဒါ Memory Error လေ.. ကဲ .. စက်ဖုံးကို ဖွင့်ကြည့်လိုက်တော့.Memory 256. ၂ ချောင်းတွေ့တယ်.. ၁ ချောင်းက 05 Warry See ပါတယ်။ တချောင်းကတော့ ဘာမှကို မပါတာ.. ဒါနဲ့ နည်းနည်း မေးမြန်းကြည့်လိုက်တော့..
``ကျနော်က တော့မသိဘူးဗျာ´´ လို့ ပြောနိုင်တယ်. ဒါနဲ့ အဲဒီ အဟောင်း ကိုဖြုတ်ပီး စက်ပြန်ဖွင့်လိုက်တော့ အဆင်ပြေသွားတယ်. ကျနော်လည်း အကျိုးအကြောင်း ပြောပြလိုက်မှ သူ့ခဗျာ နားလည်သွားတော့တယ်။
ကျနော်တောင်းပန်ပါတယ်ဗျာ.. မုံရွာမြို့ မှာ နည်းပညာအသိုင်းဝိုင်းက လက်ချိုးရေ လို့ရတယ်.. ဒီအသိုင်းဝိုင်းလေးကိုတော့ အများအထင်သေးအောင် မလုပ်စေချင်ဘူး.
ရောင်းပါ. ဘာဖြစ်လည်း. အဟောင်းဆိုလည်း .အဟောင်းလို့ပြောလိုက်ပေါ. ခုတော့ဗျာ.
အော်...တော်ပီ မပြောတော့ဘူး..ကိုယ်နဲ့ ဘာမှ ဆိုင်ဘူးလေ. ဟုတ်ဘူးလား
ကိုယ်နဲ့ မဆိုင်ပေမယ့် အများနဲ့တော့ ဆိုင်တာပေါ့နော်. ။ခုတော့ဗျာ သူ့ခဗျာ..
``ပေါ့စေချင်လို့ Memory တိုး အဟောင်းနဲ့ညားလို့ ပိုလို့ဆိုး´´ ဖြစ်ရရှာပီလေ။
Wednesday, October 22, 2008
Sunday, October 19, 2008
မုံရွာမြို့တွင် ITPEC Exam စာမေးပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ကွန်ပျူတာ ပညာရှင်အသင်းတို့၏ ဦးဆောင်မှုဖြင့် ၂၀၀၈ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ တွင် မုံရွာမြို့၊ ပညာ့အလင်းခေတ်မီ စာကြည့်တိုက်တွင် ITPEC Exam စာမေးပွဲကို ကျင်းပခဲ့ပါသည်။ ယခင်နှစ်များတွင် အဆိုပါစာမေးပွဲမျိုးကို ဖြေဆိုလိုပါ. ရန်ကုန်မြို့ သို့ သွားရောက်ရသဖြင့် ဖြေဆိုသူဦးရေနည်းပါးခဲ့ပီး.ယခုနှစ်တွင် . မုံရွာမြို့တွင်ပင် အလွယ်တကူ ဖြေဆိုရရှိသဖြင့် ဖြေဆိုသူကျောင်းသား. ဦးရေ.. (26 ) ဦး. အထိ ရှိခဲ့ပီး.. နောက်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်း ITPEC စာမေးပွဲသည်. မနက်ပိုင်း.ညနေပိုင်း ၂ ပိုင်းခွဲဖြေဆိုရပီး နိုဝင်ဘာလကုန် တွင် အောင်စာရင်း သိရှိရပါမည်။
ဖြေဆိုသူ ကျောင်းသား တစ်ယောက်ကို တွေ့ဆုံမေးမြန်းကြည့်သောအခါ..
`` အစ်ကိုရယ်.. အောင်မယ်တော့ မထင်ပါဘူး.. ဒါပေမယ့်အတွေ့အကြုံ အရမ်းရတယ်ဗျာ..အထူးသဖြင့် အင်္ဂလိပ်စာ ဘယ်လောက်အရေးပါဆိုတာ..သိသွားတယ်. မေးခွန်းက တိုတိုလေးတွေ..ဒါပေမယ့်..ဘာမေးတယ် သိပ်မသိဘူး.. အင်္ဂလိပ်စာ လေ့လာပီး ပြန်ဖြေမယ်တော့စိတ်ကူးထားတယ်. ကျနော်အကြံပေးချင်တာကတော့ လူငယ်တွေ အင်္ဂလိပ်စာ လေ့လာပါလို့.. ။ အင်္ဂလိပ်စာ မရတော့ နည်းပညာက ရှေ့မရောက်တော့ဘူးလေ..။ တကယ်အရေးပါတာက အင်္ဂလိပ်စာပါ။ ဒီမေးခွန်းတွေကလည်း အင်္ဂလိပ်လိုပဲ.. အခြား. Programming တွေ လေ့လာမယ်ဆိုရင်လည်း အဓိက အင်္ဂလိပ်စာ ရမှ ဖြစ်မယ်လေ..´´

Monday, October 13, 2008
Gtalk မှာ ဓါတ်ပုံလေးတွေ အော်တို ပြောင်းမလား
အင်း.. တတ်လို့တော့ ဟုတ်ဘူး။ စိတ်ဝင်စားစရာ နည်းနည်းကောင်းလို့ လက်တို့တဲ့သဘောပါ။ ကဲပါ.လေမရှည်တော့ဘူး ခင်ဗျား သုံးနေတဲ့ ဂျီတော့မှာ .ကိုယ်စာြး့ပု ဖော်ပြပေးတဲ့ ဓါတ်ပုံလေးတွေလေ.. ခဏ.ခဏ ပြောင်းပေးနေစေချင်သလား.. တနေ့ တမျိုး မရိုးရအောင်လေ.. ရတယ်.. တနေ့တမျိုးဟုတ်ဘူး. တစက္ကန့် တမျိုးပြောင်းလို့ရတယ်.. ခင်ဗျား သူ့ကိုသွားကလစ်စရာ မလိုဘူးလေ.. အော်တိုပြောင်းပေးလိမ့်မယ်.
http://www.download3k.com/Install-google-talk-shell.html ကနေ Gtalk Shell ဆိုတာလေး ဒေါင်း လိုက်လေ. လွယ်ပါတယ်. Install လုပ်. ခဏလေးပါ. ပီးရင်. ခင်ဗျား account ကို အဲဒီကနေ ပြန်ဝင်လိုက်.
ခင်ဗျားရဲ့ ဂျီတော့ ၀င်လို့ရပီလား.. ရရင်.ဒီလေး ဆက်လုပ်လိုက်နော်..Shell >Option>Add တဆင့်ချင်းသွားလိုက်. ပီးရင်. ခင်ဗျားပုံလေးတွေ ရွေးပေးလိုက်တော့. အဲဒီမှာ.. ပုံတွေကိုပြောင်းပြပေးဖို့ Timber ပေးလို့ရသေးတယ်..၁ စက္ကန့် ကနေ ၁၀၀ စက္ကန့်ထိ ရတယ်.. ကဲ.ကျနော်ပြောသမျှ ကော်နက်ရှင်ကောင်းရင်.. ၃ မိနစ်အတွင်းပီးပါတယ်.. ။ ( လက်တို့ပြောတဲ့ ကိုနေလင်းကိုပဲ ကျေးဇူးတင်ပါဗျာ.. naylin087596@gmail.com)

ယနေ့မုံရွာ( 14/10/08)
မနက်ဖန်ဆို သီတင်းကျွတ်တော့မယ်ဆိုတော့. ပလူပျံနေတဲ့ မော်တော်ဆိုင်ကယ်တွေ. ရှောင်ရတာ အမောဗျာ.. ဆိုင်ကယ်တိုက်ခံရလို့ ခုမှ လမ်းလျှောက်နိုင်ခါစ ကျနော်တော့. ဆိုင်ကယ်မြင်ရင်. ကြောက်နေတာ..
(အမူးတာတဲ့ အရက်သမားများ. အရက်မြင်ရင် ကြောက်ကြတယ်ဆိုပဲ)..။
ဟော.ပြောပြောဆိုဆို နဲ့ ပြသနာဖြစ်ပီ. ဗျောက်ကို မီးရှို့ပီး လူပေါ် ပစ်ချလိုက်တာ. လူပေါ်မှာ ဗျောက်က ကွဲတာ.. ခံရတဲ့သူကလဲ. ငြိမ်မနေဘူး. ထထိုးပါလေရော.. ဒီလိုနဲ့. ပွဲတစ်ပွဲပီးသွားတယ်.
အင်း. ဘောလုံးကွင်းထဲ မှာတော့ စက်မှု(၁) က ဈေးရောင်းပွဲတော်တဲ့.မနက်ဖန်တော့ သွားမယ်စိတ်ကူးတယ်. . မော်ဒယ် တွေပါတယ်. ကြားလို့ပါ။
ဘုရားကြီးပွဲအတွက် ဈေးခန်းတွေတော့ တော်တော် ဆောက်ပီးကုန်ပါပီ.. ။ လပြည့်ကျော် (၁) ရက်နေ့မှ စည်မယ်တဲ့။ ဓါတ်ပုံတွေ တင်ပေးမယ်တော့ စိတ်ကူးနေပါတယ်..
တခြားတော့ သိပ်ရေးစရာ မရှိပါဘူး. ဆိုင်ကယ်တွေ ပေါလို့. ဆိုင်ကယ်တိုက်မှုတွေ ခဏ ခဏ ဖြစ်တယ်. ယဉ်စည်းကမ်း သိပ်နားမလည်တာလည်းပါတယ် ထင်ရဲ့။
အင်း နည်းပညာသတင်းကတော့... Training တွေတော့ညည်းသံကြားတယ်. မီး မလာလို့ မကိုက်ဘူးတဲ့. ( ကျနော့်ပါးစပ်က ညည်းတာပါ) Game ဆိုင်တွေတော့ တော်တော် အလုပ်ဖြစ်နေကြတယ်. စောစောသွားမှ နေရာ ရတဲ့ အခြေနေဖြစ်နေတယ်. . အင်တာနက်..အင်တာနက်.တော်တော်တော့ သုံးနေကြပီ.
Chatting လေ. .. ခက်တာပဲ. Chatting အဆင့်က တက်အောင် ၀ိုင်းဝန်းကြပါဦး.. ။
အော်.. ကွန်ပျူတာ သင်တန်း အသစ်တခုဖွင့်တယ်.. ကိုဝေဖြိုး လေ.. သီတင်းကျွတ်ပီး မိန်းမထပ်ယူဖို့ ငွေလိုလို့တဲ့.. အိမ်အရောက် လိုက်သင်ကြားပေးနေတယ်... မုံရွာမှာတော့.အိမ်အရောက် လိုက်သင်ပေးတာ သူပဲရှိတယ်. Laptop နဲ့ လိုက်သင်တာဆိုပဲ..သင်တန်ကြေးတော့ မသိဘူးဗျာ.. စိတ်ဝင်စားရင်မေးကြည့်ပါ.
လိပ်စာက..waiphyo.kk@gmail.com
ကဲဗျာ..မနက်ဖန်မှ ဆက်ရေးမယ်နော်..

Subscribe to:
Posts (Atom)