Friday, December 28, 2007
ရတနာပုံ တယ်လီပို့ဖွင့်ပွဲ ဓါတ်ပုံ အချို့
ကြာပီ အားလုံးကြည့်စေချင်နေတာ အထူးသဖြင့် ကိုရီးယား ရောက် အစ်ကို ကျော်စိုးလွင် အတွက်။ဒါပေမယ့် connection မကောင်းလို့ တင်မရလို့ ပါ။ နော်ကျနေ တာအားလုံးကို တောင်းပန်ပါတယ်။
MIC Computer Center ရဲ့ Merry X’mas
25.12.07 နေ့က ကျနော့်သင်တန်းသားတွေကို ကံစမ်းမဲလေး လုပ်ပီး လက်ဆောင်ပေးလိုက်တယ် အဖိုးတန်ကြီးတော့မဟုတ်ဘူးဗျာ MP3 Player လေးပါ။ ကံထူးရှင်ကတော့ နည်းပညာတက္ကသိုလ်က မခင်မာအေး နည်းပညာတက္ကသိုလ်ကလေ..။
နည်းပညာတက္ကသိုလ် အောင်စာရင်းထွက်ပီ
နည်းပညာတက္ကသိုလ် အောင်စာရင်းထွက်ပီ
နည်းပညာတက္ကသိုလ်က အောင်စာရင်းထွက်တယ်။ အောင်ချက်ကတော့
303း03း0 ပါတဲကျတာက 30%၊ ရိုးရိုးအောင်က 30% ၊ အထူးတန်းအောင်တာ 30% ပေါ့
စာမေးပွဲ နှစ်ခုကိုပေါင်းပီးမှ အောင်စာရင်းထုတ်လိုက်တာ လို့ ကျောင်းသူ တစ်ယောက်ပြောပြတယ်။

Tuesday, December 25, 2007
Friday, December 21, 2007
ရတနာပုံ တယ်လီပို့ ဆီသို့
14.12.07 နေ့က ရတနာပုံ တယ်လီပို့ ဖွင့်ပွဲကို ရောက်ခဲ့တယ်။ ဒီဖွင့်ပွဲ သို့ သွားဖြစ်အောင် ကြိုးစားပီး ကိုယ်တိုင် ကားမောင်းပေးခဲ့သော ဦးဌေးရွှေ(မုံရွာဟိုတယ်) အား အထူးပဲကျေးဇူးတင်ရှိပါကြောင်း။
Wednesday, December 5, 2007
ကျောင်းဖွင့်တော့မယ်
ခုလ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျောင်းပြန်ဖွင့်မည်ဟု သိရှိရပါသည်။ အဆိုပါသတင်းနဲ့ အတူ ဒီနှစ်ကျောင်းသားများအတွက် စည်းကမ်းပိုင်း ပိုမိုတင်းကြပ်မည်ဟု တပါတည်းသိရှိရပါသည်။
ဘယ် Virus ကာကွယ်ရေး ကောင်းလဲဆိုတော့
ကိုသိန်းဇော် … ဘယ် antivirus ကောင်းလဲဆိုတော့ ပြောရခက်တယ် သူ့ဟာနဲ့သူတော့ ကောင်းကြတာပါပဲ။ ခုကျနော်သုံးနေတာတော့ Kaspersky 7.0 ပါ။ သူလည်းတော်တော်ကောင်းတယ် ။ အကောင်းဆုံးလို့တော့ မပြောရဲဘူး။ ခင်ဗျားတို့ ကျနော်တို့က အခမဲ့ယူသုံးတာဆို တော့ အကုန်လုံးတော့ အခွင့်ရေးမရတာအမှန်ပဲ။ အခုဆိုဗျား kasperky 7.0 ကောင်းနေတာပဲ ဒါပေမယ်. Free ယူသုံးထားတော့ black List ကခဏ ခဏ တက်နေတာ စိတ်ပျက်စရာပဲ။
စောစောက brontok သောင်းကျန်းတုန်းက Norton Symatic နဲ့ ရှင်းလိုက်ရတယ်။ အကောင်းဆုံးကတော့ သောင်းကျန်းနေတဲ့ကောင်ရဲ့ အမည်သိအောင်ကြိုးစား ။ ပီးရင် Internet မှာ သုတ်သင်ရှင်းလင်းတဲ့ Tools (လက်နက်) ရှာတာအကောင်းဆုံးပဲ။ လိုတာရှိရင် မရှင်းတာရှိရင် ဖုန်းဆက်မေးတာပိုကောင်းမယ်။ 071-29304 (ကိုအောင်ဆန်း)

Designer ကောင်းတစ်ယောက်ဖြစ်ချင်သူအတွက်
ဟုတ်ကဲ့ဗျား … ကျနော် ဖြေတာနည်းနည်း နောက်ကျနေတာ ခွင့်လွှတ်ပါဗျား
ကိုကိုထိုက် ရေ ခုတလော အသစ်ထွက်နေတဲ့ Photoshop Top Secret ဆိုပီး DVD နဲ့ ၅ ချပ်တွဲ ထွက်နေတယ်။ တော်တော်ကို ကောင်းတယ်။ MDY က Active CD ဆိုင်မှာ ရတယ်။
ကိုကိုထိုက်က ဘယ်မြို့ကလဲမသိဘူး။ မုံရွာကဆိုရင်တော့ ကျနော့်ဆီမှာ ရှိတယ် ။ လာယူပါ။ ကျနော်ကူးပေးလိုက်မယ်။ တကယ်ကောင်းလို့ပါ။ တော်တော်လေး ကိုကောင်းတာ Photoshop ထဲမှာက ကျနော်တို့ မသိတာတွေအများကြီးပဲ ဆိုတာ အဲဒီ ခွေကြည့်ပီးမှ ကျနော်လည်း သိတယ်။ ကျနော့်ဆီကို လာမယ်ဆိုရင် MIC Computer Center , Monywa , Myothit ပါ။ 071-29304
ဒီနေရာလေးလည်း အမြဲကြည့်စေချင်တယ်။ www.webdesign.org

Subscribe to:
Posts (Atom)