အဝေးရောက်သူငယ်ချင်းတို့ရေ….. ပုလဲ အ.ထ.က မှာ ဆရာကန်တော့ပွဲ လုပ်ကြမယ်။ အောက်တိုဘာ (၅) ရက်မှာ ပါ။ ကျနော်တော့ သွားမှာနော်.. မပြောမရှိနဲ့။ ဆရာ ဆရာမတွေ ရှေ့မှာ ကလေး ပြန်လုပ်ချင်လို့။ ဖြစ်နိုင်ရင် လာခဲ့ကြပါ သူငယ်ချင်တို့ရယ်.. တို့တစ်တွေ အတူပြန်ဆုံချင်လို့ပါ။
(သူငယ်ချင်းလေး)
Friday, September 21, 2007
Friday, September 14, 2007
စုပေါင်းကာကွယ် Virus အန္တရာယ်
ခုတလော ကျုပ်တို့ မုံရွာက Computer တွေမှာ Virus တွေ တော်တော် သောင်းကျန်း နေကြတယ်။ ခေတ်မီလာပြီလာပြီလို့ ပြောရမှာပေါ့နော်... Virus ဆိုတာက Internet ကနေ ကူးစက်တာပဲများတာပဲ မို့လား။ ဒီတော့ ကျုပ်တို့ မုံရွာသူ မုံရွာသားတွေ Internet ကို တော်တော် အသုံးပြုနေကြပြီဆိုတာ အထင်အရှားပေါ့။ ဒီတော့ အကြံလေးပေးပါရစေ။ ခင်ဗျားရဲ့ Computer မှာ Virus ကာကွယ်ရေး AntiVirus Software လေးတစ်ခုလောက်တော့ Install လုပ်ထားပါလို့။ အဲ ဘယ် AntiVirus ကိုသုံးရမလဲဆိုတော့ Norton Symantec လည်းမဆိုးပါဘူး။ သူ့ကိုသုံးမယ်ဆိုရင် Update တော့ အမြဲလုပ်ပေးပါ။
ကျနော်က Kaspesky7.0 ကိုသုံးတယ်ဗျာ။ တော်တော်လေးကောင်းတယ်။ ခင်ဗျားစမ်းသုံးချင်ရင် ကျနော့်ဆီကို လာယူပါလား? သြော်... အလကားပေးမှာပါ။
(ဟုတ်ကဲ့....မုံရွာမှာ Connection ကမကောင်းလို့ Download ယူဖို့လွယ်မယ်မထင်လို့ပါ။)
လိပ်စာကတော့
မြို့သစ်ဈေးနှင့်မျက်နှာချင်းဆိုင်၊ဗိုလ်ချုပ်လမ်း၊မြို့သစ်ရပ်၊ မုံရွာမြို့။
သြော်.... MIC Computer Center ပါ။

Monday, September 10, 2007
ပြန်ပါဦးမယ်… ပြန်ဦးမယ်
ဒီနေ့တော့ ကွန်ပျူတာ တက္ကသိုလ် စာမေးပွဲကြီး ပြီးသွားပြီ။ ကျောင်းသူ ကျောင်းသားတွေ အိမ်ပြန်ဖို့ ပြင်နေကြလေရဲ့။
အချိန်တန်တော့လည်း အိမ်ကို ပြန်ကြရတာပဲလေ။

Saturday, September 8, 2007
မြန်မာE.Book တွေထဲကတွေ့လို့ကြိုက်တာနဲ့ ကျောင်းသားတွေ မြန်မာစာ လေ့ကျင့်ရာမှာ အရိုက်ခိုင်းထားတာ
မိဘတွေကို ချစ်ကြပါ။
အသက် (၈၀) အရွယ် အဘိုးအိုတစ်ဦးသည် ဆိုဖါပေါ်တွင် ထိုင်နေသည်။ သူနှင့် မလှမ်းမကမ်း တွင် အသက် (၄၀) ခန့်အရွယ်ရှိသော သူ၏သားသည် စာရင်းဇယားများဖြင့် အလုပ် ရှုပ်နေသည်။ ထိုအချိန်တွင် ပြတင်းပေါက်ပေါ်သို့ ကြက်ဖတစ်ကောင်လာနားလေသည်
`` ငါ့သား ဟိုပြတင်းပေါက်ဘောင် ပေါ်က ဘာလဲ´´
`` ကြက်ဖ လေ အဖေ ရဲ့´´
ခဏကြာသော် အဘိုးအိုသည် သူ့သားအားထပ်မေးပြန်သည်။

`` အဖေကလည်း အခုလေးပဲ ကျွန်တော်ပြောပြီးပြီ ၊ အဲဒါ ကြက်ဖ´´
အချိန်အနည်းငယ် ကြာသော အခါ အဘိုးအိုသည် ထိုမေးခွန်းကိုပင် တတိယအကြိမ်အဖြစ် သူ့သားအား ထပ်မေးပါသည်။
`` ပြတင်းပေါက်ပေါ် ကဘာ´´
ထိုအခေါက်တွင်မူ သူ့သား၏ဒေါသ အချို့နှင့် အတူစိတ်မရှည်မှုတို့သည် မာကြောသောလေသံတွင် သိသိသာသာ ကြားရပါသည်။
`` အဲဒါ ကြက်ဖ၊ ကြက်ဖ´´
ခဏကြာသော် အဖေလုပ် သူသည် ထိုမေးခွန်းကိုပင် စတုတ္ထအကြိမ် သူ့သားအားမေးပါသည်။
``အဲဒါ ဘာလဲ´´ဟု ပြတင်းပေါက်ပေါ်သို့ လက်ငြိုးထိုးပြလေသည်။
ထိုအခေါက်တွင်မူ သားဖြစ်သူသည် ဒေါသအပြည့်ဖြင့်အော်ပါတော့သည်။
`` ဘာဖြစ်လို့ ဒီမေးခွန်းကို ထပ်ခါ ထပ်ခါ မေးနေတာလဲ၊ အဲဒါ ကြက်ဖပါဆို ကျုပ်ဖြေနေတာ အကြိမ်မနည်းတော့ဘူး။ ဒီကြက်ဖဆိုတဲ့ စကားကိုတောင် အဖေ နားမလည်တော့ဘူးလား၊ ဟင် ´´
အဘိုးအိုသည် အဘိုးအိုသည် ဘာမျှပြန်မပြောတော့ဘဲ နှုတ်ဆိတ်သွားပါသည်။ ခဏကြာသော် အဘိုးအိုသည် သူ့အခန်းကို ထသွားပါသည်။ထို့နောက် ဒိုင်ယာယီစာအုပ် အဟောင်းတစ်အုပ်ယူပြီး ပြန်ထွက်လာပါသည်။ ထိုစာအုပ်သည် သူ့သားမွေးဖွားစဉ် ကတည်းက နေ့စဉ် ရေးမှတ်ကာ ထိမ်းသိမ်းလာခဲ့သော စာအုပ်ဖြစ်ပါသည်။ အဘိုးအိုသည် စာမျက်နှာတစ်ခုကိုလှမ်ကာ သူ့သားအားဖတ်ကြည့်စေပါသည်။
သားဖြစ်သူသည် ထိုစာမျက်နှာ ကိုဖတ်ကြည့်သောအခါ ဒိုင်ယာရီထဲတွင် ရေးသားထားသော အောက်ပါ စားများကိုတွေ့ရပါသည်။
ဒီနေ့သား အသက်(၃)နှစ်ပြည့်တယ်။ သားနဲ့အတူ ဆိုဖါ ပေါ်မှာ ထိုင်နေတုန်း ကြက်ဖတစ်ကောင် လာနားတယ်။ သားကအဲဒါ ဘာလဲလို့ (၂၃) ကြိမ်တောင်မေးတယ်။ အကြိမ်တိုင်းမှာ အဲဒါ ကြက်ဖလို့ ငါပြန်ဖြေတယ်။ သားလေးနားလည်အောင် အမျိုးမျိုး ရှင်းပြတယ်။ သိချင်တဲ့စိတ်နဲ့ ထပ်ခါ ထပ်ခါမေးနေတဲ့သားဟာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ပြောပြလိုက်ရင် မျက်လုံးလေးအ၀ိုင်းသားနဲ့ နားထောင်လိုက်၊ ပြီးရင် တစ်ခေါက် ပြန်မေးလိုက်နဲ့ ငါ့မှာ သားကိုဖြေရတာ မောကို မမောနိုင်ဘူး။ ဘာမှမသိသေးတဲ့ ငါ့သားလေးရဲ့ မေးခွန်းတွေကို ဖြေရတာ အရမ်းပျော်ဖို့ ကောင်းသလို ထပ်ခါထပ်ခါ မေးနေတဲ့သား ကို ငါအကြိမ်ကြိမ် နမ်းရှိုက်မိတယ်။´´
ကလေးငယ်လေးက မေးခွန်းတစ်ခုကို (၂၃) ကြိမ်တိုင်အောင် မေးမြန်းခဲ့တုန်းက အဖေလုပ်သူက မမောနိုင်၊ မပန်းနိုင်၊ ဒေါသအလျဉ်းမရှိဘဲ ကြင်နာမှုအပြည့်နဲ့ ပြန်ဖြေခဲ့မေမယ့် ဒီနေ့မှာတော့ သားလုပ်တဲ့သူဟာ အဖေဖြစ်သူ အနေနဲ့ မေးခွန်းတစ်ခုတည်းကို (၄) ကြိမ်လောက် မေးတာနဲ့ပဲ ဒေါသတွေ ဖြစ်၊ စိတ်မရှည်နိုင်ဖြစ်နေရပြီလေ။ ဘယ်လောက်များ ကွာခြားလိုက်တဲ့ ချစ်ခြင်းမေတ္တာလဲ။
သင်တို့ရဲ့ မိဘတွေဟာ အခုအချိန်မှာ အိုမင်းလာနေပါလိမ့်မယ်၊သူတို့မှာ မျက်စိတွေမှုန်၊ နားတွေမကောင်း၊ မှတ်ဥာဏ်တွေလည်း အရင်လို ဘယ်ကောင်းနိုင်တော့မလဲ။ သူတို့အပေါ် စိတ်မရှည်မှု၊ ဒေါသဖြစ်မှု၊ ဂရုမစိုက်မှုတွေ ဘယ်တော့မှ မပေးပါနဲ့ ။ နူးညံ့ချိုသာတဲ့စကားလေတွေ၊ ကြင်နာတဲ့ အပြုအမူအပြောအဆို လေးတွေ နဲ့သူတို့ကို ဂရုစိုက်ပေးပါ။ သူတို့အတွက် အခုအချိန်မှာ တကယ်လိုအပ်တာက စည်းစိမ်ချမ်းသာတွေ၊ ပကာသနတွေ မဟုတ်ပါဘူး။ သားသမီး၊မြေးမြစ်တွေရဲ့ သူတို့အပေါ် ဂရုစိုက်မှု၊ကြင်နာမှု၊ ယုယမှု၊ အားပေးမှုတွေပါ။
ဒီနေ့ကစပြီး ဒီစာပိုဒ်လေးကို ကျယ်ကျယ်လေး အော်လိုက်စမ်းပါ။ ``ငါ့မိဘတွေ အမြဲတမ်း ပျော်ရွှင်နေတာကို ငါအလိုရှိတယ်၊ မြင်ချင်တယ်။ သူတို့တစ်တွေဟာ ငါ့ကို ငယ်စဉ်ကလေး ဘ၀ကတည်းက ဂရုစိုက် ကျွေးမွေး သုတ်သင်လာခဲ့ကြတယ်။ သင်ကြားခဲ့ကြတယ်။ ငါဆိုတဲ့ လူတစ်ယောက် ဖြစ်လာဖို့အတွက် သူတို့တွေဟာ မုန်တိုင်းတွေ၊ မီးတောက်တွေကို အံတုပြီး ဘ၀ရဲ့ ဆိုးရွား လှတဲ့ တောင်တန်းတွေ၊ တောင်ကြားတွေမှာ ငါ့ကိုပခုံးပေါ်တင်ပြီး ကျော်ဖြတ်ခဲ့ကြတယ်။ ဒီနေ့ ငါဆိုတဲ့လူဟာ သူတို့တွေ မရှိဘဲနဲ့ ဘာမှမဖြစ်နိုင်ခဲ့ပါဘူး။´´
``ယနေ့မှစပြီး ကျွန်ုပ်၏ မိဘများကို အကောင်းဆုံးနည်းလမ်းများဖြင့် ပြောဆိုဆက်ဆံကျေးဇူးဆပ်ပါမည်။
ချိုသာသော၊နူးးညံ့သော၊ အကြင်နာပါသော စကားများဖြင့်သာ သူတို့ကို ပြောဆိုဆက်ဆံပါမည်။ သူတို့တွေ ဘာပြောပြော ဘာတွေလုပ်လုပ်ပေါ့။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်ချစ်ပါသည်။´´
ကျွန်တော်တို့ရဲ့ မိတ်ဆွေများအားလုံး မိဘကျေးဇူး အထူးသိတတ်သော သားသမီး လိမ္မာလေးများ ဖြစ်ကြပါစေဟု……..
မိဘအားလုံး၏ ကျေးဇူးကိုအောက်မေ့လျက်
လေးစားစွာဖြင့်

MIC Comuter Center
Thursday, September 6, 2007
ကွန်ပျူတာတက္ကသိုလ်စာမေးပွဲ
ကွန်ပျူတာတက္ကသိုလ်စာမေးပွဲဖြေတာ ဒီနေ့ပါဆို ၄ ရက်ရှိပြီ။ သူငယ်ချင်းတစ်ယောက်ကို ဖြေနိုင်လားလို့မေးကြည့်တော့ ဖြေတော့မဖြေနိုင်ဘူး။ ဒါပေမယ့် အောင်မှာပါတဲ့။ ဟာ မင်းတို့ဟာကလည်း မဖြေနိုင်လည်း အောင်တာပဲလားဆိုတော့ ဂုဏ်ထူးတန်း ပါမှာတောင် စိုးရိမ်ရသေးတဲ့။
Monywa Info News

ကျနော်တို့ မုံရွာမှာ မြန်နှုန်းမြင့် ADSL တွေရလာတာရော နည်းပညာကို စိတ်ဝင်စားလာကြတာရော ပေါ့ အခုဆိုရင် အင်တာနက်သုံးစွဲသူ အရေအတွက် သိသိသာသာတိုးတက်လာတာ တွေ့ရတယ်။ အဓိက သုံးစွဲနေကြတာတော့ Chat ပဲ တော်တော်လေးကို Chat နိုင်ကြတယ်ဗျာ … တစ်ခါတလေ ကိုယ်တောင်စက် မရအောင် Chat ကြတယ်။ အင်တာနက်ကို အကျိုးရှိရှိ သုံးစွဲကြပါလို့ စေတနာလေးနဲ့ ပြောပါရစေ။
Subscribe to:
Posts (Atom)