Tuesday, March 10, 2009
ယဉ်စည်းကမ်း မလိုက်နာသူများအား ပြင်းထန်စွာ အရေးယူမည်
မကြာမီ ရက်ပိုင်းအတွင်းကပဲ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြပွဲ ပြိုင်ပွဲကို (စစ်ကိုင်းတိုင်း ယဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ သိန်းပေါင်း များစွာ ကုန်ကျခံကျင်းပခဲ့ပါတယ်။ ယဉ်တိုက်မှုများ ..တနေ့တခြား များနေတဲ့ ကျနော်တို့ မုံရွာ အတွက် အလွန်တန်ဖိုး ရှိတဲ့ ပွဲလေး ဖြစ်သွားပါတယ်။ မကြာမီ ရက်ပိုင်းမှာပဲ ယဉ်စည်းကမ်း လမ်းစည်းကမ်းများကို ထိထိရောက်ရောက် ပိုမိုအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ ဆိုင်ကယ် မောင်းနှင်စဉ် ဦးထုပ် နှင့် ယဉ်မောင်းလိုင်စင် မပါရှိပါက ဒဏ်ငွေ (၁၅၀၀၀) အပြင် (ရ) ရက် ဒဏ်ခတ်မည် ဖြစ်ကြောင်း တပါတည်း သိရှိရပါသည်။ ကဲ.. မူးရင် မမောင်းနဲ့ .. မောင်းရင် မမူးနဲ့ ဘော်ဘော်တို့ရေ.. ဆိုင်ကယ်စီးရင် .. ဦးထုပ်ဆောင်းပီး မေးသိုင်းကြိုးလေး ခိုင်အောင်တပ်ပေတော့... သတိတစ်ချက်လေး နဲ့ အသက်ပေးသွားရနိုင်တယ်နော်......
မုံရွာမော်တော်ယဉ်လိုင်းပေါင်းစုံ ယဉ်စီးခများ ဈေးနှုန်းလျော့ချ
စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းမှုနှင့် အတူ မုံရွာ မော်တော်ယဉ် လိုင်းပေါင်းစုံမှ ယဉ်စီးခ များကို လျော့ချ ပြေးဆွဲလျှက်ရှိနေကြောင်း
သိရှိရပါသည်။
ယဉ်စီးခ ဈေးနှုန်းများမှာ...
မုံရွာ ==> နေပြည်တော် ( မှန်လုံ) ယခင် (၇၀၀၀) ကျပ် မှ ယခု (၆၀၀၀) ကျပ်
မုံရွာ ==> ရန်ကုန် ယခင် ( ၁၂၀၀၀) မှ ယခု( ၁၁၅၀၀)
မုံရွာ ==> မန္တလေး (မှန်လုံ) ယခင် ( ၁၈၀၀ ) မှ ယခု ( ၁၇၀၀)
မုံရွာ ==> မန္တလေး (ဒိုင်နာ) ယခင် (၁၃၀၀) မှ ယခု ( ၁၂၀၀)

၂၀၀၉ ခုနှစ်ရဲ့ မုံရွာခရိုင်အတွင်း အကြီးမားဆုံး မီးလောင်မှု
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကျောက်အိုးကျေးရွာတွင် ကလေးငယ်များ မီးပေါ့ဆရာမှ ဖေဖော်ဝါရီ (၂၂) ရက်နေ့
ညနေ(၄) နာရီ (၄၅) မိနစ် အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရာ အိမ်ခြေ( ၉၀ ) မီးလောင်ကျွမ်းခဲ့ရလေသည်။ တစ်ရွာလုံး နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး။ တဲငယ် ( ၂၇ ) လုံးသာ မီးဘေးမှ ကင်းလွတ်ခဲ့ရသည်ဟု သိရှိရသည်။
" မီးဘေးရှောင် မလောင်ခင်ကတား " ဆိုသလို ကြိုတင်ကာကွယ်ကာ မီးကို သုံးစွဲရာတွင် သတိဝီရိယဖြင့် သုံးစွဲကြစေလိုပပါသည်။ လမ်းသွားရင်း ဆေးလိပ် မသောက်ကြဖို့လဲ ညီငယ်တို့ကို မေတ္တာရပ်ခံလိုက်ပါတယ်။

တပေါင်းလပြည့်နေ့တွင် အလောင်းတော်ကဿဖ တွင် ဘုရားဖူးများ စည်ကားနေ
ဒီနေ့တပေါင်းလပြည့်နေ့မှာတော့ အလောင်းတော်ကဿဖ တွင် ဘုရားဖူးသူများ စည်ကားလျှက်ရှိကြောင်းသိရှိရပါသည်။
မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့ နေ့လည် (၁) နာရီ မိနစ်(၃၀) မှ (၄၅) မိနစ် အထိ (၁၅) မိနစ်ကြာထိ အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့် ဟမှုဖြစ်စဉ်ကို ဒေသခံ ဘုရားဖူး (၂၀၀) ကျော် မျက်မြင်ဖူးတွေ့ ခဲ့ကြရသည်။ ကျောက်လှိုဏ်ဂူ ပွင့်ဟ မှုမှာ (၃) လက္မ ခန့် ရှိသည်ဟု သိရသည်။
( ဓါတ်ပုံတွေ ရရှိထားပေမယ့်.. ကော်နက်မကောင်းလို့ ခွင့်လွှတ်ကြပါဗျာ) ။

ဒီနေ့မုံရွာ
ပရိသတ်ကြီးရေ… ခုလို ၀င်ရောက်အားပေးတာကို အရမ်းကျေးဇူး တင်ပါတယ်.. အသစ်တွေ အမြဲတမ်း တင်ချင်တယ်ဗျာ.. စိတ်မရှိနဲ့ ခွင့်လွှတ်ကြပါလို့..။ ကျန်းမာရေးက တော်တော်ကို ချူချာနေတယ်ဗျာ… ဆိုင်ကယ်တိုက်ခံရလို့ ခြေထောက်ကျိုးလိုက်၊ မျက်စေ့ ပါဝါတက်လိုက် နဲ့.ဟော.ခု လာပြန်ပီ.. ကျောက်ကပ်ကတဲ့..လူတစ်ကိုယ်လုံးကောင်းတာဆို လို့..ဘာမှ ရှိတယ် မထင်တော့ဘူး။
ဒီသတင်းလေးတော့ အများသိအောင် ပြောပြမယ်.. ကျုပ်တို့ မုံရွာမှာ ယဉ်တိုက်မှုတွေ အရမ်းကို များနေတယ်..မယုံမရှိနဲ့ဗျာ.. ကျနော်ကိုယ်တိုင် ဆိုင်ကယ် တိုက်ခံထားရတာ..ခုထိ ထော့နဲ့ ထော့နဲ့။
အဲဒီယဉ်တိုက်မှုတွေ ဘာကြောင့်များနေရတာလဲ.. စည်းကမ်းပေါ့ဗျာ.. ယဉ်တွေ များလာတယ်..လမ်းတွေ ကျဉ်းတာ မှန်တယ်..အဓိက ကတော့ စည်းကမ်း..။ ကဲ.ဒီနေ့ပဲ.. ဘောလုံးကွင်းထဲမှာ..ယဉ်စည်းကမ်း.လမ်းစည်းကမ်း အသိပညာပေး ပြပွဲ ပြိုင်ပွဲကို ကျင်းပတယ်။ အရမ်းသဘောကျတယ်ဗျာ..။ ကျနော်လည်း တတ်နိုင်တဲ့ ဘက်က အကူညီပေး လိုက်ပါတယ်.. လိုအပ်သမျှ ကွန်ပျူတာ နဲ့.. ဥာဏ်စမ်း ပဟေဋ္ဌိ အတွက် တာဝန်ယူ လုပ်ပေးလိုက်တယ်..။
ကျနော်တတွေသာ.. ယဉ်စည်းကမ်းတွေ လမ်းစည်းကမ်းတွေ သိရှိလိုက်တာ ဆောင်ရွက်မယ်ဆို.. မိမိ အတွက်နဲ့ တစ်ပါးသူ ဒုက္ခ မရောက်ကျတော့ဘူးပေါ့ဗျာ.. ။ ကဲဗျာ.. ကလေးဘ၀ တုန်းက စာကျက်ခဲ့တာ မှတ်မိလား.. စောစောထ သွားတိုက်.. မျက်နှာသစ်.. အဲလိုတိုင်း.. ယဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို သိနေရင် မကောင်းဘူးလား။

Saturday, February 21, 2009
မုံရွာ ကွန်ပျူတာတက္ကသိုလ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပခြင်း
ယနေ့ 22.2.09 (တနင်္ဂနွေ) နေ့ မှာ မုံရွာကွန်ပျူတာတက္ကသိုလ် ရဲ့ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခန်းအနား ကို ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။ ဓါတ်ပုံများကို တော့ အေးအေးဆေးဆေး မှပဲ တင်ပေးပါ့မယ်နော်..။
အရင်ကဆို ကွန်ပျူတာ ဘွဲ့ကို မန္တလေးမှာ သွားယူရတော့ ပိုက်ဆံတွေ အများကြီးကုန်တယ်ဗျာ.. ခုတော့ မုံရွာမှာပဲ ဘွဲ့ ယူလို့ ရတော့ ကုန်ကျ စရိတ် အရမ်း သက်သာသွားပီ .. မုံရွာ ကွန်ပျူတာ တက္ကသိုလ်မှာ မာစတာ တန်းတက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ပြောပြချက်ပါ။

Tuesday, November 18, 2008
မုံရွာ ကွန်ပျူတာတက္ကသိုလ် အောင်စာရင်းထွက်ပီ
ဒီနေ့ပဲ…. ကွန်ပျူတာတက္ကသိုလ်မှာ အောင်စာရင်းထွက်တယ်ပြောလို့ သွားကြည့်ဖြစ်တယ်..အောင်ချက် တော်တော်ကောင်းတယ်.. ကျနော်ပြောပါတယ် ဒီနှစ်ကွန်ပျူတာက ကလေးတွေ တော်ကြပါတယ်ဆို…။ ဒုတိယနှစ် တွေကတော့ မချိတ်သေးဘူး။ မနက်ဖန်ဆက်ချိတ်မယ်ပြောတာပဲ။
တတိယနှစ်ကျောင်းသားတွေထဲက ဂုဏ်ထူးတန်းကို (၈၄) ယောက်ပါတယ်။
ဂုဏ်ထူးတန်းအဖွဲ့ကတော့ (၅၂)ယောက် Master ပါတယ်လေ။ ကျတာက (၂၅) ယောက်၊ ရိုးရိုးအောင်သူပေါင်း (၂၀) ။ ပျမ်းမျှတော့ တော်တော်အောင်ချက်ကောင်းပါတယ်။
26.11.2008 ကနေ 15.12.2008 အထိ ကျောင်းလက္ခံ ပေးမှာဖြစ်ပီး။ 1.12.2008 မှာ စာစသင်မှာဖြစ်ကြောင်း အဝေးရောက် ဘော်ဒါ အပေါင်း။
အကယ်လို့ အဝေးရောက်နေတဲ့ ကျောင်းသား-ကျောင်းသူများ မိမိရဲ့ အောင်စာရင်းကို သိရှိလိုပါက ကျနော့်ဆီကို ဖုန်းတချက် ဆက်လိုက်ပါ။ ကျနော် ကြည့်ပေးပါ့မယ်။
ကျနော့် နာမည်သိလား…. ကိုအောင်ဆန်း(071-29304)

Subscribe to:
Posts (Atom)